အိုမာခယမ်
စာအုပ်အမည် - အိုမာခယမ်
စာရေးသူ - မင်းယုဝေ
အမျိုးအစား - ဘာသာပြန်၊ ကဗျာ၊ အထ္ထုပ္ပတိ
Encode Font - Pyidaungsu 2.4
E-book Source - ###
Read Online
[PDF] Download
[EPUB_Uni] Download
[KFX_Uni] Download
[MOBI_Uni] Download
၁၁ ရာစု၌ ပေါ်ထွန်းခဲ့သည့် ပါရှင်းကဗျာဆရာ အိုမာခယမ်သည် ကဗျာဆရာဖြစ်သည်သာမက နက္ခတ္တဗေဒပညာရှင်နှင့် သင်္ချာပညာရှင်လည်းဖြစ်သည်။ ပညာထူးချွန်၍ အရည်အချင်းနှင့် အထူးပြည့်စုံသူဖြစ်သောကြောင့် ဘုရင်က သူအား ရာထူးကြီးများ ပေးအပ်ခဲ့ရာ သူက ငြင်းဆန်ခဲ့သည်။ ပြီးနောက် ကဗျာဖွဲ့ဆိုခြင်း၊ သင်္ချာကျမ်းများ ပြုစုခြင်း၊ နက္ခတ္တဗေဒဆိုင်ရာ စာရင်းဇယားများ ပြုစုခြင်း၊ ပြက္ခဒိန်သစ် တီထွင်ခြင်းတို့ကိုသာ လုပ်ဆောင်ခဲ့သည်။ သူသည် ကဗျာများ ရေးစပ်ရာတွင် သမရိုးကျ အတွေးအမြင်များနှင့်သာမဟုတ်၊ ရဲရင့် လွတ်လပ် ထက်မြက်သော အတွေးအမြင်တို့နှင့် ရေးစပ်လေ့ရှိရာ ထိုအတွေးအမြင်များမှာ သူ့ကဗျာများတွင် ထင်ဟပ်လျက်ရှိသည်။
ထို့ကြောင့်လည်း သူကွယ်လွန်ပြီး ရာစုနှစ်များစွာအကြာ ယနေ့အချိန်အထိ သူ့ကဗျာများသည် ကမ္ဘာအနှံ့ထင်ရှားကျော်ကြားလျက်ရှိသည်။ ယခင်ဆိုဗီယက်နိုင်ငံ တစ်နိုင်ငံတည်းမှာပင် တိုင်းရင်းသားစာပေ ၁၁ ဘာသာဖြင့် ပြန်ဆိုထုတ်ဝေခဲ့ပြီးဖြစ်သည်။ ဤစာအုပ်သည် ဝတ္ထုထက် ဆန်းကြယ်သော အိုမာခယမ်၏ ဘဝနှင့် ကဗျာအချို့ကို ဆရာကြီးမင်းယုဝေက ရသမြောက်စွာ ဘာသာပြန်ဆို တင်ပြထားခြင်းဖြစ်သည်။ မူရင်းစာအုပ်အမည်မှာ Manuel Komroff၏ The Life. The Love. The Adventures of Omar Khayyamဖြစ်သည်။
နည်းများမဆို ၅၀၀, ၁၀၀၀ မှစတင် Donate ပြုလုပ်ပေးနိုင်ပါသည်...

Post a Comment
0 Comments