နှလုံးသားအဟာရ (ရသစာများ) - ၁
စာအုပ်အမည် - နှလုံးသားအဟာရ (ရသစာများ) - ၁
စာရေးသူ - ဖေမြင့်
အမျိုးအစား - ဘာသာပြန်၊ ရသစာတန်းတိုများ
Encode Font - Pyidaungsu 2.4
E-book Source - ###
Read Online
[PDF] Download
[EPUB_Uni] Download
[KFX_Uni] Download
[MOBI_Uni] Download
ကျနော်ငယ်ငယ်က သိပ်စွဲခဲ့တဲ့ စာရေးဆရာတွေထဲမှာ ဆရာဖေမြင့်ပါတာပေါ့....
သူစာအုပ်တွေနဲ့ဘဲ ကြီးခဲ့ရတယ်လို့ ပြောနိုင်တယ်။ ဒီစာအုပ်တွေကြောင့်ဘဲ လောကကြီးကို မြင်တဲ့ အမြင်ဟာ တစ်မျိုး၊ တစ်ဖုံပြောင်းသွားတယ် လို့လည်း ယုံကြည်ပါတယ်။ အကျိုးကျေးဇူး အများကြီး ကျနော့်အပေါ်မှာ ရှိတယ်။
ကျနော်တို့ ငယ်ငယ်ကတည်းက ကျနော့ပတ်ဝန်းကျင်မှာက တော်လှန်ရေးခေတ်ဘဲဗျ... ( ခုဖြစ်နေတာမျိုးတော့ မဟုတ်ဘူး။)
လောကကြီးကို အပစ်တင်မယ်... အစိုးရကို အပြစ်တင်မယ်.. မိဘကို အပြစ်တင်မယ်..
ကိုယ့်ကို ပိတ်ပင်ထားတဲ့ စည်းကမ်းတွေ ချိုးဖေါက်ရတာ ဂုဏ်ယူစရာ..
ဒီလို အခြေအနေမျိုး ကြီးခဲ့ပေမယ့်.. ကျနော်ဟာ ဂျစ်ကန်ကန်တစ်ယောက်၊ အဆိုးမြင်သမား တစ်ယောက် မဟုတ်ခဲ့တာဟာ ဆရာဖေမြင့်ရဲ့ စာအုပ်တွေဖတ်ခဲ့မိလို့ ဆိုတာ မငြင်းနိုင်ပါဘူး။ (အခြား စာအုပ်များလည်း ရှိသေးတာပေါ့လေ )
စာအုပ်အကြောင်းနဲနဲပြောရရင် ဒီစာအုပ်ဟာ အညွှန့်တွေ စုထားတဲ့ စာအုပ်မျိုးပေါ့...
အညွှန့်အကုန်တော့ ပါရင်မှ ပါမယ်.. ဒါပေမယ့် ပါတဲ့အကြောင်းအရာတွေကတော့ အညွှန့်တွေချည်းပါဘဲ။
ကျနော်တို့ရဲ့ အမြင်တစ်ခုကို ဟာခနဲ ဟင်ခနဲ ဖြစ်စေလောက်တဲ့ အရေးအသားနဲ့ ရသကို ရရှိနိုင်မှာပါ။
စာအုပ်ထဲက ဉပမာလေး တစ်ခု အောက်မှာ ရေးပြပေးချင်ပါတယ်။
“ဒါ အစ်ကို့ကားလား” တဲ့။
ပေါလ်က ခေါင်းညိတ်ပြီး “အေးကွ၊ ငါ့အစ်ကိုက ခရစ္စမတ် လက်ဆောင်ပေးတာ” ဆိုတော့ ကောင်လေး အံ့အားသင့်သွားသည်။
“ဟာ... ခင်ဗျားအစ်ကိုက ခင်ဗျားကို အလကား ပေးတာ... ဟုတ်လား၊ ခင်ဗျား ပိုက်ဆံတစ်ပြားမှ မကုန်ဘူးပေါ့၊ ဟာဗျာ... ကျွန်တော်သာ ဆုတောင်းလို့ ရမယ် ဆိုရင်..” ဆိုပြီး ကောင်လေး ရပ်နေသည်။
ဆုတောင်းလို့ရရင် ကောင်လေး ဘာဆုတောင်း မလဲဆိုတာ ပေါလ်တွေးနေမိသည်။ သူ့မှာလည်း အဲဒီ လို အစ်ကိုမျိုးတစ်ယောက် ရပါစေလို့ ဆုတောင်းမှာပဲ ပေါ့။ . သို့သော် ကောင်လေးထံမှ နောက်ထပ်ကြားလိုက် ရသော စကားကြောင့် ပေါလ် ကြက်သီးမွေးညင်း ထသွားသည်။
“ကျွန်တော် အဲဒီလို အစ်ကိုမျိုး ဖြစ်ချင်လိုက်တာ ဗျာ” တဲ့။
နည်းများမဆို ၅၀၀, ၁၀၀၀ မှစတင် Donate ပြုလုပ်ပေးနိုင်ပါသည်...

Post a Comment
0 Comments