နှလုံးသား အာဟာရ (ရသစာများ) ၃
စာအုပ်အမည် - နှလုံးသား အာဟာရ (ရသစာများ) ၃
စာရေးသူ - ဖေမြင့်
အမျိုးအစား - ဘာသာပြန်၊ ရသစာတမ်းတို
Encode Font - Pyidaungsu 2.4
E-book Source - ###
Read Online
[PDF] Download
[EPUB_Uni] Download
[KFX_Uni] Download
[MOBI_Uni] Download
Chicken Soup for the Soul အမည်ရှိ မူရင်း စာအုပ်ကို ရေးသားပြုစုသူ Jack Canfield နှင့် Mark Victor Hansen တို့သည် အမေရိကန်ပြည်၌ ထင်ရှား သော စိတ်ဓာတ်မြှင့်တင်ရေးပါရဂူများ ဖြစ်သည်။
၎င်းတို့ပြုစုသည့် မိမိကိုယ်ကို လေးစားယုံကြည်ရေး၊ လူရည်လူသွေး မြင့်မားရေးနှင့် ဘဝအောင်မြင်တိုးတက် ရေးဆိုင်ရာစာအုပ်စာတမ်းများမှာ အရောင်းရတွင်ကျယ် ဆုံး စာအုပ်များစာရင်းတွင် ပါဝင်ပြီး ရေဒီယို၊ ရုပ်မြင် သံကြားတို့မှ ထုတ်လွှင့်လျက်ရှိသည့် ၎င်းတို့၏ ဟော ပြောပို့ချချက်များမှာလည်း လူကြိုက်များလှသည်။
လူငယ်လူရွယ်များ၊ မိဘများ၊ ဆရာဆရာမများ၊ ဇနီးခင်ပွန်းများ၊ ကုမ္ပဏီဝန်ထမ်းများ စသည့်ဘဝကဏ္ဍ အသီးသီး တို့အတွက် ပုဂ္ဂိုလ်ရေးရာနှင့် လုပ်ငန်းခွင်ဆောင် ရွက်မှုဆိုင်ရာ စွမ်းရည် တိုးမြှင့်ရေးသင်တန်းအမျိုးမျိုး ဖွင့်လှစ်သင်ကြား လေ့ကျင့်လျက်ရှိရုံမက၊ အမေရိကရှိ ထိပ်သီးကုမ္ပဏီကြီးများ၊ လုပ်ငန်းအဖွဲ့အစည်းကြီးများ အတွက်လည်း သီးသန့် အလုပ်ရုံ ဆွေးနွေးပွဲနှင့် အထူး ဟောပြောပို့ချချက်များစွာကို တာဝန်ယူဆောင်ရွက်ပေး လျက်ရှိသည်။ ။
Chicken Soup for the Soul မှာ လူနှလုံးသားကို အာဟာရဖြည့်တင်းပေးမည့်ပုံပြင်၊ဝတ္ထု၊စာညွန့် နှင့် ဘဝအတွေ့ အကြုံပေါင်းများစွာတို့ကို ရှာဖွေစုစည်း ရေးသားတင်ပြပေးထားခြင်းဖြစ်ရာနိုင်ငံတကာ၌ အကြီး အကျယ် လူကြိုက်များ ထင်ရှားခဲ့သည်။ စောင်ရေပေါင်း သန်းချီ၍ ရောင်းချရပြီး နိုင်ငံခြားဘာသာ အမျိုးပေါင်း ၂ဝ ကျော်သို့လည်း ပြန်ဆိုခဲ့ကြသည်။
Chicken Soup စာအုပ်ပါ အရေးအသားများကို နှစ်ခြိုက်သူ များလွန်းလှသဖြင့်၊ အလားတူ နှလုံးသား အာဟာရ ဖြည့်တင်းစာများ ဆက်လက်စုစည်းပြီး နောက် ထပ် Chicken Soup စာအုပ်တွဲများ စီစဉ်ထုတ်လုပ် ခဲ့ရာ ယခုအခါ၌ ထုတ်ဝေပြီး Chicken Soup စာအုပ် ပေါင်းမှာ တစ်ဒါဇင်ခန့်မျှရှိသည်။ ယခု မြန်မာပြန်စာအုပ်ငယ်မှာ အဆိုပါ Chicken Soup for the Soul များထဲမှရွေးချယ်ကောက်နုတ် ဘာသာပြန်ဆိုပြီး၊ သဘာဝတူ အခြားစာပုဒ်တချို့ နှင့်အတူ စုစည်းထားခြင်း ဖြစ်ပါသည်။
ဖေမြင့်
နည်းများမဆို ၅၀၀, ၁၀၀၀ မှစတင် Donate ပြုလုပ်ပေးနိုင်ပါသည်...

Post a Comment
0 Comments