အင်ဖာတိုက်ပွဲ
စာအုပ်အမည် - အင်ဖာတိုက်ပွဲ
စာရေးသူ - တက္ကသိုလ်နန္ဒမိတ်
အမျိုးအစား - သမိုင်း
Encode Font - Pyidaungsu 2.4
E-book Source - Myanamr Books for Kindle Reader
Read Online
[PDF] Download
[EPUB_Uni] Download
[KFX_Uni] Download
[MOBI_Uni] Download
Lieutenant General Sir Geoffrey Evans K.B.E, C.B.D.S.O.နှင့် Antony Brett-Jamesတို့ ပူးတွဲရေးသားသည့် Imphalစာအုပ်ကို ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။ ကမ္ဘာ့စစ်သမိုင်းတွင် ရာဇဝင်အရိုင်းဆုံး တိုက်ပွဲတစ်ခုဖြစ် အင်ဖာတိုက်ပွဲသည် ၅ လအတွင်း ဂျပန်စစ်သည်တော် ငါးသောင်းကို ကျဆုံးစေခဲ့သည်သာမက စစ်အတွင်း စစ်သည်တို့သည် ပြောင်းဖူးဖက်ကို ပတ်တီးအဖြစ် သုံးခဲ့ရသလို မြက်ကိုလည်း ဟင်းလုပ်၍ စားခဲ့ရသည်အထိ အနေအထိုင် အစားအသောက် ဆင်းရဲစေခဲ့သည်။
ဂျပန်ဗိုလ်ချုပ်ကြီး ကဝါဘီနှင့် အင်္ဂလိပ်ဗိုလ်ချုပ်ကြီး ဝီလျံစလင်း၊ ဂျပန်ဗိုလ်ချုပ်ကြီး မတ္တာဂူချီနှင့် အင်္ဂလိပ် ဗိုလ်ချုပ်ကြီး စကွန်းတို့၏ စစ်တက်ပုံ၊ စစ်ဝင်ပုံ၊ စစ်မြူးပုံ၊ စစ်ဆုတ်ပုံတို့မှာ ဤအင်ဖာစစ်မြေပြင်တွင် သေနင်္ဂဗျူဟာအရာ၌ ကျွမ်းကျင်လိမ္မာမှုရှိလှသည်ကို တွေ့ကြရမည်ဖြစ်သည်။ အဘယ်ကြောင့် ဤမျှအထိ တိုက်ပွဲပြင်းထန်ခဲ့ရသနည်းဟုဆိုသော် အင်ဖာသာ ဂျပန်လက်အောက် ကျရောက်သွားခဲ့လျှင် အိန္ဒိယပြည်၏ လုံခြုံရေးသည် များစွာစိုးရိမ်ဖွယ် ဖြစ်သည်ကို နှစ်ဖက်စလုံးက သဘောပေါက်ကြ၍ပင်ဖြစ်သည်။ အာရှအရှေ့တောင်ပိုင်းတွင် ဖက်ဆစ်နှင့် ဖက်ဆစ်ဆန့်ကျင်သူများ၏ အရှုံးအနိုင်ကို အဆုံးအဖြတ်ပေးခဲ့သည့် ထိုအင်ဖာတိုက်ပွဲကြီးနှင့် ပတ်သက်၍ အသေးစိတ်နီးပါးကို ဤစာအုပ်တွင် ရင်တဖိုဖို အသည်းတထိတ်ထိတ် ဖတ်ရှုလေ့လာကြရမည်ဖြစ်သည်။
နည်းများမဆို ၅၀၀, ၁၀၀၀ မှစတင် Donate ပြုလုပ်ပေးနိုင်ပါသည်...

Post a Comment
0 Comments