မီ
စာအုပ်အမည် - မီ
စာရေးသူ - ကြည်အေး
အမျိုးအစား - ဝတ္ထုရှည်၊ ဂန္တဝင်
Encode Font - Unicode
E-book Source - eBooks4MM
Read Online
[PDF] Download
[EPUB_Uni] Download
[KFX_Uni] Download
[MOBI_Uni] Download
မီသည် ကျော်စော၏ ၊ ပွဲလမ်းသဘင်မှာ ထင်ရှား၏။ ညစ်ညမ်းသော အဓိပ္ပါယ်နှင့် မျက်စပစ်တတ်သူ ယောက်ျားများ၏ ပါးစပ်ဖျားမှာ မီ့ကိုရှာပါ။
ဘရန်ဒီပုလင်းဘေးမှာချကာ စီးကရက်ခဲနေသော မီ့ကို တွေ့ရပါလိမ့်မည်။
မီရဲ့ အလှက ကဗျာဆန်သည် ဖျော့တော့သည် ယောက်ျားတစ်ယောက်ကို မချိတရိဖြစ်နေနိုင်သည်။
မောင်ကိုလေးသည် မီ့အတွက်ရူး၏ ။
ကိုသော်ဆွေသည်လည်း မီ့အတွက် ရူးခဲ့၏ ။
မီနှင့်ဆုံခဲ့သည် ယောက်ျားသားတိုင်း မီ့အပေါ်ရူးသွပ်ခဲ့ကြ၏။ သို့သော် ကျွန်တော်ကတော့ မီ့အပေါ် သနားစိတ်ကလေးသာ ပို၏။ မီက မီးလိုလည်း ကြောက်ဖို့ကောင်း၏ အန္တရာယ်ဖြစ်စေနိုင်၏ ။ တဖန် မီက ကြောင်မလေးလိုလည်း ချွဲတတ်ပြန်၏ သနားဖွယ်ကောင်း၏ ။
ဆရာဒဂုန်တာရာက
" မီကိုဖတ်ရင်း စာကိုစွဲလာသလား ၊ ပုံပန်းသဏ္ဍာန်ကို မြင်လာသလား ရင်ထဲက လှုပ်ရှားလာသလား မီ၏ အသံကိုများ ကြားလာရမလား မီ့ဘဝကိုတွေးပြီး နေရစ်ရမလား ဆရာမကြည်အေး ဖန်ဆင်းကာ ခေါ်ဆောင်လိုက်သော 'မီ' တိုင်းပြည်ကို ရောက်သွားလေသလား " တဲ့
ဟုတ်ပါသည် မီ၏အသံကိုကြားယောင်ပြီး မီသည်လည်း တဖြည်းဖြည်း ရုပ်လုံးပေါ်ကာ ကြွလာ၏ ။ နောက်ဆုံးတော့ ကျွန်တော်ကိုယ်တိုင်သည်လည်း မီ့အတွက် ရူးခဲ့ရပါ၏ ။
#မီ
#ကြည်အေး
#Kyinuunn
Post a Comment
0 Comments