သူငယ်ချင်းတစ်ယောက်အကြောင်း
စာအုပ်အမည် - သူငယ်ချင်းတစ်ယောက်အကြောင်း
စာရေးသူ - မင်းလူ
အမျိုးအစား - ဝတ္ထုရှည်
Encode Font - Unicode
E-book Source - Myanmar Books for Kindle Reader
Read Online
[PDF] Download
[EPUB_Uni] Download
[KFX_Uni] Download
[MOBI_Uni] Download
Book Reviews
ကျွန်တော်သည် လူတစ်ယောက်အကြောင်းကို ပြောပြပါမည်။ သူ အလုပ်ကြိုးစားပုံမှာ အတုယူဖွယ်ကောင်းသည်။ သူ စီးပွားရေးလာဘ်မြင်ပုံမှာ အားကျဖို့ကောင်းသည်။ စီးပွားရေးသမားအချင်းချင်း လူလည်ကျတတ်ပုံကတော့ ချီးကျူးရမလား၊ ရှုတ်ချရမလား မပြောတတ်။ တစ်ခါတစ်ရံ သူသည် အလွန်အမြင်ကတ်ဖို့ကောင်းသည်။ တစ်ခါတစ်ခါကျတော့လည်း သူ စေတနာကောင်းပုံကြောင့် လေးစားစရာဖြစ်၏။ခုကာလလို စီးပွားရေးကို အကြီးအကျယ် လိုက်စားနေကြသောအချိန်တွင် သူ့အကြောင်းသည် စိတ်ဝင်စားဖို့ကောင်းလိမ့်မည်ဟု ထင်ပါသည်။
သူသည် စာရေးဆရာက စိတ်ကူးယဉ်ပြီး ဖန်တီးထားသော ဇာတ်ကောင်မဟုတ်။ အပြင်မှာ တကယ်ရှိသူဖြစ်၏။ ထို့ကြောင့် ဤဇာတ်လမ်းကို ဝတ္ထုပါ ဟု ဆိုရန်လည်း ခက်သည်။ ထို့အတူ သူသည် ထင်ရှားကျော်ကြားသူတစ်ယောက် မဟုတ်သော သာမန်လူမျှသာ ဖြစ်သဖြင့် အတ္ထုပတ္တိ ဟူ၍လည်း မဆိုနိုင်ပြန်ပါ။ ဘာပဲဖြစ်ဖြစ် သူ့အကြောင်းသည် ဝတ္ထုတစ်ပုဒ်သဖွယ် ဖတ်၍ကောင်းလိမ့်မည်ဟု ယုံကြည်ပါသည်။
အမှာစာ မှ
Post a Comment
0 Comments