Myanmar
ပန်းကြွေပုံပြင်
စာအုပ်အမည် - ပန်းကြွေပုံပြင်
စာရေးသူ - မြနှောင်းညို
အမျိုးအစား - ဝတ္တုရှည်
Encode Font - Unicode
E-book Source - (Ko) Kyaw Myo Linn
Read Online
[PDF] Download
[EPUB_Uni] Download
[KFX_Uni] Download
[MOBI_Uni] Download
Book Reviews
မြန်မာနိုင်ငံသို့ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ အိပ်ချ်အိုင်ဗွီပိုး ရောက်ရှိနေပြီဖြစ်တဲ့အကြောင်း တရားဝင်သိရှိခဲ့တဲ့ ၁၉၈၈ ခုနှစ်ကစပြီး ထိုရောဂါကို ကာကွယ်တာဆီးရမည့်အကြောင်းများအား ဆောင်းပါး၊ ဝတ္ထု၊ ကဗျာ၊ ကာတွန်း၊ ရုပ်ရှင်၊ ဗီဒီယိုနှင့် ဟောပြောပွဲများ ကျင်းပ၍ နည်းအမျိုးမျိုး၊ ထောင့်အရပ်ရပ်မှ ရှင်းလင်းပညာပေးခဲ့ကြပါတယ်။ ဒီပန်းကြွေပွင့်ပုံပြင်လုံးချင်းဝတ္ထုဟာဆိုရင်လည်း ခုခံအားကျဆင်းမှုရောဂါအကြောင်း အသိပညာပေးတဲ့အနေနဲ့ တစ်ထောင့်တစ်နေရာကနေပါဝင်လာခဲ့ပါတယ်။ဒီဝတ္ထုကို ၁၉၉၄ ခုနှစ်၊ ဒီဇင်ဘာလ၊ ၁ ရက်နေ့ ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ (World AIDS Day) တွင်စတင်ထုတ်ဝေခဲ့ပါတယ်။ သမားတော်ကြီးတစ်ဦးက "ပန်းကြွေပုံပြင်သည် ခုခံအားကျဆင်းမှုရောဂါရှင်လူနာများကို ပေါင်းစုဖန်ဆင်းပြီး အများရင်ခွင်ထဲချပေးခဲ့သော ဖြစ်ရပ်မှန်ပုံပြင်ပဲ" ဟုမှတ်ချက်ချခဲ့ပါတယ်။ ပန်ကြွေပွင့်ပုံပြင်ဟာ ဆရာကြီးဦးအောင်သင်း အကြိုက်ဆုံး ဝတ္ထုရှည်တွေထဲက တစ်ပုဒ်ဖြစ်ပြီး " စာပေနယ်တွင် ဂုဏ်ထည်ဝင့်ဝါနိုင်သော ဆေးပညာပေး စာအုပ်တစ်အုပ် " လို့ ချီးကျူးရေးသားဖူးပါတယ်။

Post a Comment
0 Comments